ပအိုဝ်းလူမျိုးသမိုင်း
အပိုင်း(၆) Pa O nationality history (Part-6)
ရဟန်းတော်များက
မိမိတို့သည် သမုဒ္ဒရာမျ ဘီလူးမများ၏ တပည့်များမဟုတ်ကြောင်း၊ မြတ်စွာဘုရားတပည့် ရဟန်းတော်များဖြစ်ကြောင်း၊
သုဝဏ္ဏဘူမိသထုံပြည်ကို ဗုဒ္ဓသာသနာပြုရန် ကြွရောက်ခြင်းဖြစ်ကြောင်း၊ ဗုဒ္ဓမြတ်စွာဘုရား
သက်တော်ထင်ရှားချိန်ကာလတွင် ဗုဒ္ဓမြတ်စွာဘုရားနှင့်အတူ တည့်တော်ရန္တာ အပါးပေါင်း (၂၀၀၀၀)
ကျော်တို့က သူရီယစန္ဒာမင်းလက်ထက်တွင် ဗုဒ္ဓသာသနာပြုခဲ့ကာ စေတီများတည်ထားကိုးကွယ် ခဲ့ဖူးကြောင့်၊
ဂ၀မ္ပတိရဟန္တာကလည်း သုဝဏ္ဏဘူမိသထုံကို ဗုဒ္ဓသာသနာပြုဖူးခဲ့ဖူးကြောင်း စသည်ဖြစ်ပြန်လည်ဟောကြညးတော်မှုခဲ့သည်။
သီရိဓမ္မာသောကမင်းနှင့် ပအိုဝ်းမင်းဖြစ်သော သူရိယစန္ဒာမင်းရေးခဲ့သော သာသနာပြုမှတ်တမ်း
ကမ္မည်းစာတွင် ဖတ်ခဲ့ဖူးကြောင့်နှင့် တည်ထားကိုးကွယ်သော စေတီများကလည်း အထင်ရှားပင်တည်ရှိသည့်
အတွက်ကြောင့် အားရ၀မ်းသာကြပြီး ရဟန်းတော်များကို ပြန်လည် ကြိုဆိုပင့်ဆောင်ခဲ့ကြသည်။
ထို့နောက်
ရဟန်းတော်များကလည်း (လုံးကောင်)ခေါ် ကျောက်တောင်ပေါ်တွင် သီတင်းသုံးအနားယူခဲ့ကြသည်။ ပအိုဝ်းပြည်သူများ
အစည်းအဝေး ကျင်းပပြုလုပ်ချိန်တွင် သမုဒ္ဒရာမှ ဘီလူးမများသည် ကုန်းပေါ်တက်လာပြီး အများပြည်သူများကို
ခြိမ်းခြောက်ခဲ့သည်။ ရဟန်းတော်များက လီလူးမထက် (၂)ဆ ကြီးသော ခန္ဓကိုယ်ဖြင့် ဖန်းဆင်းပြီးဘီလူမများ
ဝန်းးရံခဲ့သည်။ ဘီလူမများကလည်း ရဟန်းတော်များကို မသိသောကြောင့် ဝေဿ၀ဏ်နတ်က ကိုယ်စားလှယ်လွတ်သည်ဟုထင်ခဲ့သည်။
၎င်းနေရာတွင် ဆက်လက်နေထိုင်ပါက မိမိတို့အား ၀ါးစားမည်ကိုကြောက်ရွံ့သောကြောင့် အဝေးသို့ထွက်ပြေးသွားခဲ့ပြီး
နောက်ပိုင်း တွင်လည်း ဘီလူးမများ မလာရဲတော့ပေ။ ၎င်းနေ့မှစပြီး သုဝဏ္ဏဘူမိ သထုံမြို့တွင်းသို့
ဘီလူးများ ၀င်ရောက်လာလိုမရအောင် ရဟန်းတော်များက မနုဿီဟရုပ်ကို ဓိဋ္ဌာန်းပြုပြီး ပရိတ်ရွတ်ပေးခဲ့သည်။
မြို့တွင်းရှိ ကလေးများကိုလည်း ဘေးအန္တာရယ်ပပျောက်အောင် လောကီပညာရှင်များက မနုဿီဟရုပ်ကို
အဆောင်သဘောဖြင့် လည်ဆွဲများ၊ လက်ပတ်ကြိုးများပြုလုပ်ပြီး ၀တ်ဆင်ပေးခဲ့ကြသည်။ မနုဿီဟရုပ်ဆိုသည်မှာ
လူမျက်နှာ တစ်ခုနှင့် ခြင်္သေ့ခန္ဓာကိုယ်နှစ်ခု ပါသော အရုပ်ကို ဆိုလိုပါသည်။
ခရစ်နှစ် ၈၃၂ မှ ၈၃၅ နှစ်အထိ နန်စောစစ်တပ်
က သထုံကို လာရောက်တိုက်ခိုက် သောကြောင့် သထုံမြို့ပျက်စီးသွားခဲ့ရသည်။ သို့သော် သုဝဏ္ဏဘူမိ
သထုံတွင် သင်္ဘောဆိပ်ကမ်းဖြင့် နိုင်ငံခြား နှင့် ကူးသန်း ရောင်းဝယ်ရေး အခွင့်အရေးကောင်းများရရှိသည့်
အတွက်သော်လည်းကောင်း၊ အရှေ့ဘက်ရှိ ဟရိပုဉ္စယ မွန်နိုင်ငံမှ အကူအညီလည်း ရရှိသည့်အတွက်သော်လည်းကောင်း၊
သုဝဏ္ဏဘူမိ သထုံသည် လျှင်မြန်စွာပြန်လည် ဖွံ့ဖြိုးတိုးတက် လာခဲ့သည်။ ** (မှတ်ချက် -ယခု
ယိုးဒယားနိုင်ငံတွင် တစ်ချိန်တုန်းက ဟရိပုဉ္စယ မွန်နိုင်ငံနှင့် ဒွါရ၀တီမွန်နိုင်ငံ
စသဖြင့် နိုင်ငံနှစ်နှစ်ခုရှိခဲ့သည်ဟု ယိုးဒယားနိုင်ငံ ဒေသမျိုးစုံသမိုင်းတွေ အကျယ်တ၀င့်ဖော်ထားသည်ကိုတွေရပေသည်)**
နောက်တွင် မွန်လူမျိုးများသည် အရှေ့ဘက်မှ သုဝဏ္ဏဘူမိသထုံမြို့ ဘက်သို့ဝင်လာပြီး အနုနည်းနှင့်
အကြမ်းနည်း (၂)မျိုးဖြင့် သုဝဏ္ဏဘူမိ သထုံမှ ပအိုဝ်းလူမျိုးများကို မောင်းထုတ်ခဲ့ကြသည်။
သုဝဏ္ဏဘူမိနေပြည်တော်ကို
မွန်များ မသိမ်းပိုက်မည် ပအိုဝ်းမင်းဆက်များ
တစ်ဆက်ပြီးတစ်ဆက် အုပ်ချုပ်ခဲ့ကြပေသည်။ ထို့ပအိုဝ်းမင်းဆက်များတွင် သူရိယစန္ဒာမင်းသည်
အထင်ရှားဆုံးမင်းတစ်ပါးဖြစ်သည်။ သူရိယစန္ဒာမင်းဆက်ပြီးနောက် ၁၅၈ ဆက်မြော်က်ဖြစ်သော ဓမ္မမာလာမင်းသည်
မွန်အမျိုးသမီးကို မိဖုရားတင်မြောက်ခဲ့သည်။ ထို့နောက် ဓမ္မမာလာမင်းဆက်မှစပြီး (၁၈) မင်းဆက်အထိ
ပအိုဝ်း- မွန် ကပြားမင်းဆက်များ အုပ်ချုပ်ခဲ့သည်။ မနုဟာ မင်းသည် သုဝဏ္ဏဘူမိ၏ နောက်ဆုံး
မင်းဆက်ဖြစ်သည်။
8-1-2016 6:30 AM
khun black (Hopoge)
8-1-2016 6:30 AM
khun black (Hopoge)
0 comments:
Post a Comment
Thanks for your comment.