ပအိုဝ်း သမိုင်းကြောင်း (အပိုင်း-၄)
မြန်မာနိုင်ငံ အတွင်းသို့ နောက်ဆုံးဝင်ရောက်လာသော တတိယ ပအိုဝ်းလူမျိုးအုပိစုသည် တရုတ်ပြည်မှ ကွတ်ခိုင်၊ ကျူကုတ်တောင်ကြားမှတစ်ဆင့် လားရှိုးတောင်တန်းကိုဖြတ်ပြီး ယခုရှမ်းပြည်တောင်ပိုင်း လွိုင်လင်၊ တော်ငကြီးဒေသများတို့တွင် အခြေချနေထိုင်ကြသည်။နောက်ထပ်ဝင်ရောက်လာသော ရှမ်း၊ လူမျိုးများကြောင့် ၎င်းတတိယပအိုဝ်းတိုင်းရင်းသားအုပ်စုတို့မှ တချို့သောပအိုဝ်းများသည် မောက်မယ်နှင့် လွိုင်ကော်ဖက်သို့ ရောက်ရှိသွားကြသည်။ ပအိုဝ်းလူမျိုးအများစုသည် တောင်ဘက် သံလွင်မြစ်ဝှမ်း၊ စစ်တောင်းမြစ်ဝှမ်းမှ တစ်ဆက် ပင်လယ်ကမ်းခြေဒေသ များသို့ ဆက်လက်ပြောင်းရွှေ့  နေထိုင်ကြသည်။ ထို့နောက် ပင်လယ်ကမ်းခြေမှာနေထိုင်ကြသော တတိယပအိုဝ်းတိုင်းရင်းသား အုပ်စုများ သည် သုဝဏ္ဏဘူမိသထုံမှ ရှိနှင့်ပြီးသော ပထမအုပ်စု၊ ဒုတိယအုပ်စု ပအိုဝ်းများနှင့် ပူးပေါင်းမိကြပြန်သည်။ ထို့ကြောင့် သုဝဏ္ဏဘူမိ (သထုံ) နေပြည်တော် ပိုမိုထင်ရှားကျော်ကြားလာပြီး အင်းအားပိုမို တောင့်တင်းလာသည်ဟုဆိုသည်။
သထုံသမိုင်းကြောင်း
ဘီစီ ၁၇၀၀ မှာသုဝဏ္ဏဘူမိ နေပြည်တော်ကို တည်ထောင်ခဲ့သည်။ သုဝဏ္ဏ သည် ရွှေဟုဆိုလိုသည်။ ဘူမိသည် မြေကိုဆိုလိုသောကြောင့် သုဝဏ္ဏဘူမိသည် ရွှေမြေဟု အဓိပ္ပါယ်ရပါသည်။
သထုံစီးပွားရေးသည် ရွှေ၊ ဆင်စွယ်၊ ကျောက်မျတ်ရတနာများ ထွက်ရှိသည်။ ခရစ်နှစ်အစတွင် အိန္ဒိယကုန်သည်များနှင့် ကးလူးဆက်ဆံခဲ့ပြီး အိန္ဒိယပြည်သို့ ကုန်ပစ္စည်းများတင်ပို့ခဲ့သည်။
တနင်္သာရီတောင်တန်းကိုဖြတ်ကျော်ပြီး
ထိုင်း၊ ကမ္ဘောဒီယားနှင့် ဗိယက်နမ် နိုင်ငံတို့လည်းတင်ပို့ခဲ့သည်။ သထုံသည် သဘောင်္ဆိပ်နှင့်နီးသဖြင့်
ပင်လယ်မှ တစ်ဆင့် နိုင်ငံခြားသို့လည်း တင်ပို့ခဲ့သည်။
မြတ်စွာဘုရားသထုံကို
(၃) ကြိမ်တိုင်တိုင် ကြွရောက်တော်မှုခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃- ခုနှစ်တွင် သိဒ္ဒတ္ထမင်းသားသည်
အသက်(၃၅)နှစ် အရွယ်တွင် တောတွင်း(၆)နှစ်ကြာ တရားကျင့်ပြီးနောက် သဗ္ဗညုတဥာဏ်တော်ကိုရပြီး
ဘုရားဖြစ်တော်မှုခဲသည်။ ၎င်းနောက် (၄၉)ရက်အကြာတွင် သုဝဏ္ဏဘူတိုင်းမှ ကုန်သည် ညီနောင်များဖြစ်သော
တဖုဿနှင့် ဘလ္လိကတို့သည် မဇ္ဈိမမှ သုဝဏ္ဏဘူမိသို့ အပြန်ခရီးတွင် ၎င်းတို့အား ဗုဒ္ဓမြတ်ရှင်ဘုရားက
ဆံတော်ရှစ်ဆူကို ချီးမြှင့်တော်မှုခဲ့သည်။ မဟာသက္ကရာဇ် ၁၀၃-ခုနှစ် တပေါင်းလပြည့် နေ့တွင်
တဖုဿ နှင့် ဘလ္လိကကုန်သည် ညီနောင်သည် ဗုဒ္ဓဘုရားရှင် ချီးမြှင့်ထားသော ဆံတော်ကို ဌာပနာပြီး
ရွှေတိဂုံ စေတီကို တည်ထားကိုးကွယ်ခဲ့သည်။
7/29/2016 93း7PM
Khun Black (Hopoge)
0 comments:
Post a Comment
Thanks for your comment.