ပအိုဝ်းလူမျိုး သမိုင်း အပိုင်း (၂)
ဘီစီ ၁၂၀၀၀ တွင် ပအိုဝ်း၊ ကရင်၊ ဓနု၊ နီဂရစ်တို (နီဂရိုး) လူများတို့က (ယခု - သုဝဏ္ဏဘူမီသထုံ)တွင် ကျောက်ခေတ် လူသားအဖြစ် အတူတူထိုင်ခဲ့သည်။.၎င်းအချိန်သည် သုဝဏ္ဏဘူမီသထုံ ဟု အမည် မရှိသေးပေ။ ကျောက်ခေတ်ဆိုသည်မှာ လူသားတို့အသက်မွေးဝမ်းကြောင်း အတွက်သော်လည်းကောင်း၊ ရပ်ရွာဒေသများကို ပြုစုပျိုးထောင်ရန်အတွက်လည်းကောင်း အသိပညာများမရှိသေးပေ။ အသက်မွေးဝမ်းကြောင်းပြုရန်အတွက် သာကောင်များ လိုက်လံဖမ်းစီး ခဲ့ကြရသည်။ ရရှိ လာသောသားကောင်များကိုလည်း ကျောက်ပြားများဖြင့် သာထုရိုက်ပြီး အပိုင်းပိုင်းကြသည်။ ၎င်းခေတ်တွင် ပီးခြစ်များနှင့် သံများလည်း မရှိသောကာလဖြစ် သောကြောင့် မီရရှိရန် ကျောက် တုံး(၂)တုံးကို ပွတ်ပြီး မှ မီးရရှိကြသည့်ခေတ်ကို သိပ္ပံပညာရှင်များက ကျောက်ခေတ်ဟုခေါ်ခဲ့ကြသည်။
ဘီစီ ၂၅၀၀ တွင် ပျုမင်းကရဘော ဟန်လင်းမြို့ကို တည်ထောင်ခဲ့သည်။ (ယခု ၀က်လက်မြို့ ၊ မကွေးတိုင်း) အိန္ဒိယနိုင်ငံ၊ မဇ္ဈမဒေသမှ ဒီပရာဇာမင်း နှင့်အဖွဲ့များက ဟန်လင်းကို တိုက်ခိုက်သောကြောင့် ပျက်စီးသွားခဲ့သည်။
ဘီစီ ၁၇၀၀ တွင် ပအိုဝ်းလူမျိုးတို့က သုဝဏ္ဏဘူမိသထုံကို တည်ထောင်ခဲ့သည်။ ၎င်းအချိန် ကတည်းက သုဝဏ္ဏဘူမိသထုံတွင် ပင်လယ်ဆိပ်ကမ်းရှိနေပြီဖြစ်၍ ကူးသန်းရောင်းဝယ်ရေးအဆင်ပြေသောကြောင့် စီးပွားရေး ကောင်းမွန်းခဲ့သည်။
ဘီစီ ၁၃၀၀ တွင် အိန္ဒိယ နိုင်ငံ၊ မဇ္ဈမဒေသမှ ပြောင်းလာသော အဘိရာဇာမင်း နှင့် အဖွဲ့ တို့သည် မြောက်ပိုင်းပျူများ၏ အကူအညီဖြင့် ပထမတွူးကောင်(တကောင်း) ကိုတည်ထောင်ခဲ့သည်။ အဘိရာဇာမင်း ဆက်မှ ဘိန္ဒကရာဇာမင်း လက်ထက်အထိ မင်းဆက်ပေါင်း (၃၃)ဆက် အုပ်ချုပ်ခဲ့သည်။ ဘိန္ဒကရာဇာမင်း စိုးစံစဉ်ကာလတွင် ပထမတကောင်းကို ဂန္ဓလရောဇ်စိန် နိုင်ငံမှ မွန်ဂိုစစ်တပ်များက လာတိုက်သောကြောင့် ပထမ တကောင်းမြို့  ပျက်စီးသွားခဲ့ရသည်။
* မှတ်ချက် - တကောင်း (ကုန်းမြေထိပ်) ဟုမြန်မာ အဓိပ္ပါယ်ရသည်။
* မှတ်ချက် - တကောင်း (ကုန်းမြေထိပ်) ဟုမြန်မာ အဓိပ္ပါယ်ရသည်။
အပိုင်း(၂) 7/29/2016 33း3Pm
khun black (hopoge)
0 comments:
Post a Comment
Thanks for your comment.