ပအိုဝ်းလူမျိုး သမိုင်း အပိုင်း (၇) Pa O nationality history (Part-7)
ပအိုဝ်းမင်းမွန်ကပြား မင်းဆက်များမှာ-
၁။ မောင်လှ (အဖ ပအိုဝ်း + အမိ မွန်) ၁၁။ ၎င်း၏သား ရာဇာသုတ္တပါ
၂။ အသန္တုလှ (မောင်လှ အစ်မ၏သား) ၁၂။ ၎င်း၏သား ဇေယျရာဇ
၃။ ၎င်း၏သား အဿရာဇ ၁၃။ ၎င်း၏သား သုဒ္ဒိရာဇ
၎။ ၎င်း၏သား ဟတ္ထိရာဇ ၁၄။ ၎င်း၏သား ဥပလရာဇ
၅။ ၎င်း၏သား သူရသေနရာဇ ၁၅။ ၎င်း၏သား မိမလရာဇ
၆။ ၎င်း၏သား ရာဇာစော်ကနီ ၁၆။ ၎င်း၏သား ဒွါဒသရာဇ
၇။ ၎င်း၏သား ရာဇစော်ဝေ ၁၇။ အရာမညရာဇ (အဖမွန် + အမိ ပအိုဝ်း)
၈။ ၎င်း၏သား ရာဇပစာတ ၁၈။ မနုဟာမင်း (အဖ ပအိုဝ်းမွန် + အမိ မွန်)
၉။ ၎င်း၏သား ရာပမော
၁၀။ ၎င်း၏သား ရာဇဥပါ
မနုဟာမင်းသည် ဇော်ဂျီဘုန်းကြီးကို ယုံကြည့်မှုလွန်ကျူးသောကြောင့်
တိုင်းပြည် တဖြည်းဖြည်း ဆုတ်ယုတ်သွားပြီး ရှင်အရဟံ သည် ပုဂံသို့ကြွခဲ့သည်။
မနုဟာမင်းကိုးကွယ်သည့် ဇော်ဂျီဘုန်းကြီးသည် ပိဋကပ်၊ ဗေဒင်ပညာ၊ ဆေးပညာနှင့်
ဂါထာပညာများကို ကျွမ်းကျင်စွာ တတ်မြောက်သူဖြစ်ပြီး ဖိုထိုးသူ လည်းဖြစ်သည်။
တစ်နေ့တွင် ပိပ္ပရာဇ်စစ်ဗိုလ်ကြီး ဦးဆောင်သော စစ်သဘောင်္အစီ (၁၀၀)ဖြင့်
သုထုံမြို့ကို တိုက်ခိုက်ရန် ရည်ရွယ်သော်လည်း ပင်လယ်တွင် မုန်တိုင်းမိပြီး
သဘောင်္များအားလုံး ကွဲထွက်ပျက်စီခဲ့သည်။
ပိပ္ပရာဇ်စစ်ဗိုလ်ကြီး၏ သား
ကုလားညီအစ်ကိုတို့သည် ပဉ်ချပ်ကိုဖက်တွယ်မိပြီး သတုံမြို့သို့ စီးမျော်
ရောက်ရှိလာလေသည်။ မနုဟာမင်းကြီးကိုးကွယ်သော ဇော်ဂျီဘုန်းကြီးက ၎င်းကုလားလေး
ညီအစ်ကိုတို့ကို တွေ့သည့်အခါ ကယ်ဆယ်ခဲ့သည်။ တစ်နေ့တွင်
ဇော်ဂျီဘုန်းကြီးနှင့် အတူ ကုလားညီအစ်ကိုတို့သည် တော်ကြီးထဲတွင်
ဆေးဥများသွားရောက်ရှာဖွေကြသည်။ ဇော်ဂျီ အသေကောင်တစ်ကောင်ကို
တွေ့မြင်ခဲ့ပြီး ကုလားညီ အစ်ကိုတို့ကိုထမ်းပြန်ခိုင်းခဲ့သည်။
ဇော်ဂျီမျိုးသည် အဗ္ဘန္တသရက်သီးနှင့် ဇမ္ဗူသပြေသီးများကို စာသုံးကြောင့်
ဇော်ဂျီသေကောင်၏ အနံသည် သီးမွှေးဌက်ပျော အနံကဲ့သို့ မွှေးနေပါသည်။ ဇော်ဂျီ
အသေကောင်းကို ကင်စားခြင်းဖြင့်သော်လည်းကောင်း ၊
ဆေးစိမ်ရည်စိမ်သော်လည်းကောင်း သုံးဆောင်ပါက အသက်ရှည်ကျန်းမာရောဂါကင်းပြီး
ခွန်အားတိုးစေပါသည်။ ဇော်ဂျီသေကောင်ကို စားသုံးဖူးသူများသည် သာမညလူသား
လမ်းလျှောက်သည့် (၁၀)ရက် ခရီးကို (၁)ရက်ခရီးဖြင့် သွားလာနိုင်သည်သာမက
အလေးမရာတွင်လည်း ပိဿာချိန် (၁၀၀၀)ကို မနိုင်ပါသည်။ ထို့အပြင်
ဆင်စွယ်နှစ်ဖက်ကိုကိုင်ပြီး ဆင်ကိုအလဲထိုးနိုင်သည်။ တစ်နေ့တွင့်
ဇော်ဂျီးဘုန်းကြီး နန်းအတွင်းသို့ ကြွသွားစဉ်တွင် ကုလားညီအစ်ကိုတို့က
ဇော်ဂျီသေကောင်ကို ခိုးစားခဲ့ကြသည်။ မနုဟာမင်းသိသောအခါ ဒေါသထွက်ကာ
ကုလားညီအစ်ကို တို့ကို ဖမ်းရန် အမိန့်ထုတ်ခဲ့သည်။
ကုလားအကြီးတစ်ယောက၏
အမည်မှာ ဗျတ်ဝိဖြစ်ပြီး အငယ်တစ်ယောက်သည် ဗျတ္တဖြစ်သည်။ ဗျတ်ဝိသည်
သထုံသူနှင့် အိမ်ထောင်ကျထားပြီးဖြစ်ရာ ၎င်း၏နေအိမ်တွင် ဖမ်းမိခဲ့သည်။
ရဲမက်များက ဗျဝိကိုသတ်ပြီး ဇော်ဂျီ ဘုန်းကြီး၏ အမိန့်အရ ဗျတ်ဝိ၏ ခြေ၊ လက်၊
ဦးခေါင်းခွံ၊ အရိုးများကို သထုံမြို့ရိုး ပတ်ပတ်လည်တွင်
မြှုပ်နှံစေခဲ့သည်။ ထိုသို့မြှုပ်နှံခြင်းသည် လောကီနည်းပညာအရ သထုံမြို့ကို
ရန်သူများ ၀င်ရောက်တိုက်ခိုက်လို့ မရအောင်လုပ်ဆောင်ခြင်းဖြစ်သည်။ ဗျတ္တသည်
ပုဂံသို့ထွက်ပြေးပြီး အနော်ရထာမင်းထံသို့ ရဲမက်အဖြစ်ခိုလှုံခဲ့သည်။
ထို့ကဲ့သို့ မနုဟာမင်းက ဇော်ဂျီဘုန်းကြီးကို ကိုးကွယ်ခဲ့သည်။
ဇော်ဂျီဘုန်းကြီးကို ကိုးကွယ်မှုလွန်ကျူးသောကြောင့် သထုံတွင်
မိုး(၄)နှစ်ခေါပြီး သူခိုး၊ ဓါးပြများ ပေါများသည်သာမက ရောဂါအမျိုးမျိုးလည်း
ဖြစ်ပွားလာကာ ပြည်သူပြည်သားများ ဘေးဒုက္ခများကျရောက်ခဲ့ကြရသည်။
စီးပွားရေးအတွက် ကူးသန်းရောင်းဝယ်ရေးတွင်လည်း ပျက်စီးသွားခဲ့သည်။
မနုဟာမင်းသည် ရာဇဓမ္မတရား (၁၀)ပါးကို စောင့်ထိန်းနိုင်ခြင်း မရှိသောကြောင့်
ပြည်သူပြည်သားများ ဘေးအန္တရယ် အမျိုးမျိုးကျရောက်ခဲ့သည်။
ရဟန်းတော်များသည်လည်း ပစ္စည်းလေးပါးအတွက် အခက်အခဲများနှင့် ကြုံတွေ့ခဲ့ရကာ
ရဟန်းတော်များ ပုဂံသို့ကြွရောက်ပြောင်းရွှေ့ခဲကြသည်။
မနုဟာမင်းအုပ်ချုပ်သည့်ခေတ်တွင် သထုံမြို့သည် ဗုဒ္ဓသာသနာ ထွန်းကားမှု
လွန်စွာအားနည်းခဲ့သည်။
အေဒီ ၁၀၅၇ ခုနှစ်တွင်
ပုဂံပြည့်ရှင်မင်းအနော်ရထာ လာရောက်တိုက်ခိုက်ပြီး သုဝဏ္ဏဘူမိနေပြည်တော်
ပျက်စီးခဲ့သည်။ အနော်ရထာမင်း ပုဂံမြို့ကို စိုးစံစဉ်တွင် အရည်းကြီး
ရဟန်းများကို ကြည်ညိုလိုစိတ် နည်းပါးခဲ့သည်။ အရည်းကြီးများက အနော်ရထာမင်း၏
ကြည်ညိုမှုပြန်လည်ရရှိရန်အတွက် တရားများကို ကြိုးစားဟောကြားခဲ့ကြသည်။
သို့သော် အနော်ရထာမင်းက ပြန်လည်ကြည်ညိုမှု မရှိခဲ့ပေ။ ထို့ကြောင့်
အရည်းကြီးများက ပိဋကပ်ပေါ်ပေါက်နေပြီဆိုသည့် အကြောင်းကို
လိမ်လည်ပြီးကြေညာခဲ့သည်။ အရည်းကြီးများသည် သစ်ပင်ကို အပေါက်ဖောက်ပြီး
သူတို့၏ စာများကို ထိုးသွင်း၊ ထည့်သွင်းခဲ့သည်။ (၃)နှစ်ကြာသောအခါ
သစ်၏အသားများ တစ်ဖြည်းဖြည်းတိုးလာသဖြင့် သစ်ပင်အပေါက်များ
ပြန်လည်ပိတ်လာခဲ့သည်။ အရည်းကြီးများက “သရေခေတ္တရာမြို့ဟောင်းတွင်
သစ်ပင်ကြီးထဲတွင် ပိဋကပ်ရှိကြောင်း အိပ်မက်မက်ခဲ့သည်ဟု” အနော်ရထာမင်းထံ
သွားရောက်ပြောပြခဲ့သည်။ အနော်ရထာမင်းကလည်း ၀မ်းမြောက်ဝမ်းသာစွာဖြင့်
ရဲမက်များကို သွာရောက်ထုတ်ယူခိုင်းခဲ့သည်။ သို့သော် သစ်ပင်ကြီး အတွင်းရှိ
စာများသည် အရည်းကြီးများ၏ ကျင့်သုံးသောစာများနှင့်တူနေသောကြောင့်
အနော်ရထာမင်းက ၎င်းစာကိုမီးရှို့ ခဲ့သည့်နေရာ သည် သရေခေတ္တရာမြို့တွင်ရှိပြီး
ယခုအချိန်ထိ မီးတိုက်ကုန်းဟု ခေါ်ဆိုနေဆဲပင်ဖြစ်သည်
2/8/2016 9းPM
khun black
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment
Thanks for your comment.