ပအိုဝ်းလူမျိုးသမိုင်း အပိုင်း (၁၀) Pa O nationality History (Part-10)
(ဂ) မော်ထောဖါ (မော်ထော၏အဖေ) တို့အဖွဲ့သည် သထုံကို အနော်ရထာမင်း
သိမ်းပိုက်ပြီးနောက်ပိုင်းတွင် ပခုက္ကူ အနောက်ဘက်ပိုင်းသို့ ပြောင်းရွှေ့ကာ
တောင်သားလူမျိုးများနှင့် အတူတကွ အခြေချနေထိုင်ရာမှ တောင်သားလူမျိုးအဖြစ်
နေထိုင်ခဲ့သည်။
အေဒီ ၁၁ နှင့် ၁၂ ရာစုခန့်တွင် အချို့ သောပအိုဝ်းက
မှုလနေရာတွင် နေထိုင်ခဲ့ပြီး ၊ကျန်ပအိုဝ်းများက အုပ်စု၊ (၉) စုဖွဲ့ပြီး
သုဝဏ္ဏဘူမိနေပြည်တော်ကို စွန့်ခွါပြီး ရေကြည်ရာမြတ်နုရာသို့
ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ (၇) အုပ်စုက ရှမ်းပြည်နယ်တောင်ပိုင်းသို့
ရောက်ရှိလာသည်။ မော်ချီး၊ မိုးဗြဲ၊ ဆီဆိုင်၊ ပင်လောင်းမှ စပြီး
မိုင်းကိုင်အထိ နေထိုင်ခဲ့သည်။ ရှမ်းပြည်နယ်တောင်ပိုင်းအဖွဲ့သည် မနုဟာမင်း၏
မြေးတော်များဖြစ်သော ခွန်မောင်နိုင်နှင့် ခွန်မောင်သာတို့က
ဦးဆောင်ခဲ့သည်။ ခွန်မောင်နိုင်နှင့် ခွန်မောင်သာ တို့ဦးဆောင်သော အဖွဲ့သည်
ဆီဆိုင်မြို့တွင် အခြေချခဲ့သည်။ သထုံမြို့ ရွှေစာရံဘုရားအနီးမှ မြေ
လှည်း(၉)စီးနှင့် ရေ (၉) ထမ်းတို့ကို လောင်းချပြီး “ သထုံလေး” ခေါ်
ဆီဆိုင်မြို့ကို ကောဇာသက္ကရာဇ် (မြန်မာသက္ကရာဇ်) ၄၈၅ ခုနှစ်တွင်
တည်ထောင်ခဲ့ကြသည်။ ဆီဆိုင်မြို့တွင် ပအိုဝ်းတိုင်းရင်းသား အကြီးအကဲများ
(၁၂)ဆက် အုပ်ချုပ်ခဲ့သည်။ ၎င်းတို့မှာ-
၁။ ခွန်မောင်ချုံ
၂။ ခွန်မောင်ဖြူ
၃။ ခွန်အောင်သာ
၎။ ခွန်မောင်နိုင်
၅။ ခွန်မောင်တိုင်
၆။ ခွန်ပတီ
၇။ ခွန်ကုံရ
၈။ ခွန်အိုး
၉။ ခွန်လော်
၁၀။ ခွန်စိန်
၁၁။ ခွန်ကြည်
၁၂။ ခွန်ပြား စသည်တို့ဖြစ်သည်။
တစ်အုပ်စုသည် မော်ထော်ဖါ (ခေါ်) စာဟောဆရာက ဦးဆောင်ပြီး ပခုက္ကူ
အနောက်ဘက်တွင် အခြေချနေထိုင်ခဲ့သည်။ ယခုတွင် တောင်သားလူမျိုးအဖြစ်
နေထိုင်ခဲ့သည်။
ကျန်တစ်အုပ်စုသည် မော်ထော်ဖါ လမ်းညွန်မှုဖြင့်
စစ်တောင်းမြတ်ဝှမ်း၊ ရှမ်းပြည်နယ်နှင့် ယိုးဒယားနယ်စပ်သို့
ပြောင်းရွှေ့နေထိုင်ကြသည်။ အချို့က ညောင်ရွှေမြို့နယ်အင်းလေးဒေသသို့
ပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။
သမိုင်းတွင် ပအိုဝ်းလူမျိုး မျိုးနွယ်စု (၃၃)မျိုးရှိခဲ့သည်။ ၎င်းတို့မှာ
၁။ ပအိုဝ်းကွန်လုံ
၂။ ပအိုဝ်း တတောက်
၃။ ပအိုဝ်း လွယ်အိုင်း
၎။ ပအိုဝ်း တယန်
၅။ ပအိုဝ်း ပန်နင်
၆။ ပအိုဝ်းတရိုင် (ပအိုဝ်း တရျာက်)
၇။ ပအိုဝ်းပထုံ
၈။ ပအိုဝ်းကွန်စံ
၉။ ပအိုဝ်း ငွေတောင်သူ
၁၀။ ပအိုဝ်း တတိုင်
၁၁။ ပအိုဝ်း ထီရီး
၁၂။ ပအိုဝ်း ပန်းပလှိုင်
၁၃။ ပအိုဝ်း ပလောင်
၁၄။ ပအိုဝ်း ပလေး
၁၅။ ပအိုဝ်း ခရိုင်း
၁၆။ ပအိုဝ်း ၀ါးဖရဲ့
၁၇။ ပအိုဝ်း ကျန်းစန်း
၁၈။ ပအိုဝ်း ဓနု
၁၉။ ပအိုဝ်း ပတောင်
၂၀။ ပအိုဝ်း တောင်ရိုး
၂၁။ ပအိုဝ်း တကွာ
၂၂။ ပအိုဝ်း ငသောက်ရင်း
၂၃။ ပအိုဝ်း တနိုး
၂၄။ ပအိုဝ်း တထွေး
၂၅။ ပအိုဝ်း ရင်သိုင်း
၂၆။ ပအိုဝ်း ကွန်ကျမ်း
၂၇။ ပအိုဝ်း မိုက်ကွန်
၂၈။ ပအိုဝ်း ခြဲ
၂၉။ ပအိုဝ်း ယင်းဒမ်
၃၀။ ပအိုဝ်း မိုက်လန်
၃၁။ ပအိုဝ်း တောင်သား
၃၂။ ပအိုဝ်း ပနဲ
၃၃။ ပအိုဝ်း ဇယိမ် စသည်တို့ဖြစ်သည်။
ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားလူမျိုးသည် မြန်မာနိုင်ငံအတွင်း ဖြစ်သော
ကရင်ပြည်နယ်၊ မွန်ပြည်နယ် ကယားပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊
ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံတွင် ယနေ့ထိတိုင်
နေထိုင်ခဲ့ကြသည်ကိုတွေ့ရှိရပါသည်။
ကိုးကားချက်။ ။
(၁) ပြည်ထောင်စုထဲကပအိုဝ်း။
(၂) ၁၉၉၂ ခုနှစ်၊ စက်တင်ဘာလတွင် ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်(PNO) မှထုတ်ဝေသည့် ပအိုဝ်းအမျိုးသား၏ ဂုဏ်အင်္ဂါရပ်များ။
(၃) ပအိုဝ်း လူမျိုးသမိုင်း (အရှင်စန္ဒာဝရ MA ၊ နောင်တဗင်ကျောင်းတိုက် ဆီဆိုင်မြို့နယ်)။
(၄) ပအိုဝ်းလူမျိုးသမိုင်း သုတေသန (အရှင်စန္ဒာဝရ MA၊ နောင်တဗင်ကျောင်းတိုက် ဆီဆိုင်မြို့နယ်)။
(၅) ပအိုဝ်းတိုင်းရင်းသားတို့၏ ဘာသာရေးနှင့် ယဉ်ကျေးမှု (အရှင်စန္ဒာဝရ MA၊ နောင်တဗင်ကျောင်းတိုက် ဆီဆိုင်မြို့နယ်)။
(၆) ဒီဇင်ဘာ (၁၁) စာအုပ်
(၇) သုဝဏ္ဏပကာသနီကျမ်း
(၈) မြန်မာနိုင်ငံ နှင့် မြန်မာနိုင်ငံရေး (မင်းပုည)
(၉) မြန်မာနိုင်ငံအတွင်း တိုင်းရင်းသာလူမျိုးစုများအကြောင်း စာအုပ်
Subscribe to:
Post Comments
(
Atom
)
0 comments:
Post a Comment
Thanks for your comment.