ပအိုဝ်းသမိုင်း
အပိုင်း (၈) Pa O nationality (Part -8)
သစ်ပင်ကြီးထဲတွင်
ပိဋကပ်ရှိကြောင်း ဆိုသည့်စကားကို သထုံးမြို့ရှိ အရှင် အရဟံလည်းကြားသိခဲ့သည်။ ထို့ကြောင့်
အရှင်အရဟံက ပုဂံသို့ ဗုဒ္ဓသာသနညပြုရန် ပုဂံနယ်မြေတောတွင်း တစ်နေရာသို့ ကြွသွားခဲ့သည်။
တောတွင်းတွင် တောလိုက်မုဆိုးက အရှင်အရဟံကိုတွေ့ကာ အနော်ရထာမင်းထံ ပင့်ဆေင်သွားခဲ့သည်။
အနော်ရထာမင်းက အရှင် အရဟံ၏ ယဉ်ကျေးသည့် အပြောအဆို အနေအထိုင်အိနြေ္ဒကို တွေ့မြင်ရသည့်
အခါ ၀မ်းမြောက်စွာဖြင့် အရှင်အရဟံကို နန်းတော်တွင်းတွင် ပင့်ဆောင်ကိုးကွယ်ခဲ့သည်။ သထုံမြို့ရှိ
ရဟန်းတော်များကလည်း အနော်ရထာမင်းက အရှင်အရဟံကို ကြိုဆိုပင့်ဆောင်ကိုးကွယ်သည့် သတင်းကို
ကြားသိရသောအခါ သထုံမြို့မှ ရဟန်းတော်တော်များများ သည်လည်း ပုဂံသို့ ကြွရောက်သွားခဲ့သည်။
ပုဂံမြို့တွင် ရဟန်းသံဃာများလာသည်နှင့်အညီ
အရှင်အရဟံက ပရိယတ္တိသာသနာပြုလိုသည့်အတွက် သုဝဏ္ဏဘူမိသထုံမြို့
မနုဟာမင်းထံတွင် ပိဋကတ်တော် အစုံတစ်ချို့ကို သွားရောက်တောင်းဆိုးရန် မိန့်ကြားခဲ့သည်။
အနော်ရထာမင်းသည်လည်း
သူ၏လူများကို ဘဏ္ဍာလက်ဆောင်များနှင့်အတူ မနုဟာမင်းထံ ပိဋကတ်တော်အစုံ တစ်ချို့ကို သွားရောက်တောင်းဆိုရန်
စေလွတ်ခဲ့သည်။ ၎င်းအချိန်တွင် မနုဟာမင်းသည်စိတ်ဆိုးနေသည့် အချိန်ဖြစ်သောကြောင့် မနုဟာမင်းက
ပိဋကတ်တော်သည် လူမိုက်လူရိုင်းများနှင့် ထိုက်တန်မှုမရှိကြောင်း ဆဲဆိုလိုက်သည်။ ထို့ကြောင့်
အနော်ရထာမင်းက ၎င်းကဲ့သို့ဆဲဆိုလိုက်ခြင်းကို မကျေနပ်ကာ စိတ်ဆိုးစွာဖြင့် သူ၏စစ်သည်တော်ရဲမက်အင်းအား
ကုဋေပေါင်း (၈၈)ဖြင့် သုဝဏ္ဏဘူမိသထုံသို့ သွားရောက်တိုက်ခိုက်ခဲ့သည်။ သို့သော် ဇော်ဂျီဘုန်းကြီးနှင့်
မနုဟာမင်းတို့က ဗျတ်ဝိ၏ ခြေ၊ လက်၊ ဦးခေါင်းရိုးများကို မြို့ရိုးပတ်ပတ်လည်တွင် မြှုပ်နှံထားသည့်အတွက်
အနော်ရထားမင်းတို့ သုဝဏ္ဏဘူမိ သထုံကို ချက်ချက်အောင်မြင်စွာ မတိုက်ခိုက်နိုင်ခဲ့ပေ။
ဗျတ္တက သူ့အစ်ကို ဗျတ်ဝိ၏ ခြေ၊ လက်၊ ဦးခေါင်းရိုးများကို တူထုတ်ပြီးမှသာ သုဝဏ္ဏဘူမိသထုံကို
အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့သည်။
အနော်ရထာမင်းက သုဝဏ္ဏဘူမိသထုံကို သိမ်းပိုက်ပြီးသည့်အခါ
ပိဋကတ်တော်(၃)ပုံ အစုံ(၃၀)ကို မနုဟာမင်း၏ ဆင်ဖြူတော်အကောင် (၃၂)ကောင်ဖြင့် ပုံဂံ ပြည်သို့
သယ်ဆောင်သွားခဲ့သည်။ မနုဟာမင်း၊ မိဖုရား၊ သားသမီးများ၊ စစ်သည်တော်ရဲမက်များနှင့် အခြွေအရံများကို
ဖမ်းခေါ်သွားခဲ့သည့် အပြင့် ပန်း(၁၀)မျိုးကို တတ်ကျွမ်းသော ပညာရှင်များအပါပေါင်း (၁၀၀၀)
နှင့် ပိဋကတ် တော်ကို တတ်ကျွမ်ျးေသာ ရဟန်းတော် အပါပေါင်း (၅၀၀) တို့ကိုလည်း ပုဂံပြည်သို့
ပင့်ဆောင်သွားခဲ့သည်။ သိုသော် သုဝဏ္ဏဘူမိသထုံတွင် ပိဋကတ်တတ်ကျွမ်းသော ရဟန်းတော်အချို့
ကျန်ခဲ့သေးသည်။ မနုဟာမင်း ပုဂံပြည် ပါတော်မှုသည့် ကောဇာသက္ကရောဇ် ၄၁၉-ခုနှစ်ဖြစ်သည်။
သုဝဏ္ဏဘူမိနိုင်ငံ၏ အကျယ်အ၀န်းသည် မြန်မာနိုင်ငံ၊ အင်ဒိုနီးရှား နိုင်ငံ၊ မလေးရှားနိုင်ငံ၊
စင်္ကာပူနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံ၊ ထိုင်းနိုင်ငံ၊ လာအိုနိုင်ငံ၊ ဗီယက်နမ်နိုင်ငံ
တို့ဖြစ်သည်။
သုခေါဘုရင်က ပအိုဝ်းအကြီးအကဲ ၃၀၀ ကျော်ကိုလုပ်ကြံခဲ့သည်။
သုခေါ ဘုရင် ရာမကွန်ဟိံ သည် သုဝဏ္ဏဘူမိ သထုံကို တိုက်ခိုက် သိမ်းပိုက်ပြီး ကျေနပ်အားရမှုမရှိဘဲ
တွူးဖောင်းမြို့ (ယခု -ကိန်းမဲုင်) ကိုလည်းသိမ်းပိုက်လိုသောကြောင့် တွူးဖောင်မြို့ကို
တိုက်ခိုက်သိမ်းပိုက်ရန်စဉ်းစားခဲ့သည်။ ၎င်းအချိန်တွင် တွူးဖောင်မြို့ စစ်သည်တော်ရဲမက်အင်အားနျင့်
သုခေါ (ထိုင်း) စစ်သည်တော်ရဲမက်အင်အားတို့သည် အရေအတွက်မကွာခဲ့ပေ။ ရဲမက်အင်အားဖြင့်
တိုက်ခိုက်ပါက ရဲမက်များ အသေအနာများမည်ကို စိုးရိမ်သောကြောင့် တိုက်ခိုက်ရန် မလိုဘဲ
လွယ်ကူစွာသိမ်းပိုက်နိုင်ရန် မှူးမတ်များနှင့်
တိုင်ပင်ပြီး သုခေါဘုရင်၏ သမီးကို တွူးဖောင်ဘုရင်ထံ ဆက်သခဲ့ကာ တွူးဖောင်ဘုရင်ကလည်း
မိဖုရားအဖြစ်တင်မြှောက်လိုက်သည်။ ထိုနောက် ပအိုဝ်း - ထိုင်း သာတော်တစ်ပါးဖွားမြင်လာပြီး
ကပြားမင်းသားဖြစ်လာခဲ့ကာ အသက်တော် ၁၂ နှစ် အချိန်တွင် သုခေါဘုရင် ရာမကွန်ဟိံ ကလည်း
အသက်ကြီး နေပြီးဖြစ်သောကြောင့် နန်းတော်အပ်ရန် စိတ်ကူးခဲ့သည်။ ရာမကွန်ဟိံ သည် သားတော်မရှိသောကြောင့်
မြေးတော် ကပြားကိုနန်းတော်အပ်ရန် မှူးမတ်များနှင့်
တိုင်ပင်ကာ သုခေါဘုရင်၏ မှူးမတ်များက မင်သားအား တွူးဖောင် (ပအိုဝ်း)ထံတွင်နေထိုင်သည်မှာ
နှစ်အတော်ကြာနေပြီဖြစ်ကာ သုခေါ (ထိုင်း) မျိုးနွယ်များထံကလည်း အလည်လာရန် ဖိတ်ခေါ်ခဲ့သည်။
ကပြားမင်းသားက သုခေါ(ထိုင်း) သို့ရောက်ရှိပြီး (၅)နှစ်ကြာသောအခါ ရာမကွန်ဟိံ ဘုရင်က
အသက်တော်ကြီးပြီး နတ်ရွာစံခဲ့သည်။ ရာမကွန်ဟိံ ဘုရင် မိန့်ခဲ့သည့်အတိုင်း မှူးမတ်များကလည်း
နန်တော်အပ်ရန် ပွဲကျင်းပပြီး တွူးဖောင်ရှိ ပအိုဝ်းလူကြီးများကို ဖိတ်ကြားခဲ့သည်။ ၎င်းအချိန်တွင်
တွူးဖောင်တွင် မြို့နယ်အဆင့် အုပ်ချုပ်သူပအိုဝ်း လူကြီး ဦးရေ (၃၀၀) ကျော်ရှိခဲ့ရာ
(၂၀၀) ဦး သွားရောက်ခဲ့သည်။ ပအိုဝ်းလူကြီး (၂၀၀)ဦးသာဆင်းသောကြောင့် ရာမကွန်ဟိံ ၏
မှူးမတ်များက မင်းသားသည် တစ်ဖြားလူမျိုးလည်းမဟုတ် ပအိုဝ်းလူမျိုးဖြစ်ကာ ပအိုဝ်းလူမျိုးများ
အားမပေးကြပါက အားပေးမည့်သူမရှိကြောင့် ပြောဆိုပြီး ပအိုဝ်းလူကြီး များအားလုံးကို သုခေါ
(ထိုင်း) သို့သွားရောက်ခဲ့သည်။ သုခေါ (ထိုင်း)
သို့ရောက်ရှိသောအခါ ပအိုဝ်းလူကြီးတစ်ဦးအတွက် နန်သဲတစ်လုံးစီနှင့် ထိုင်းအမျိုးသမီး
၎-၅ ဦးစီဖြင့် သေရည်အရက်အပါအ၀င် စားဖွယ်စုံများဖြင့် ဧည့်ခံခဲ့သည်။ ပအိုဝ်းလူကြီးများသည်လည်း
၆ ညတိုင်တိုင် အစားအသောက်များကို လွန်ကျုးစွာ မသောက်သုံးကြရန် အချင်းချင်း သတိပေးခဲ့ရာမှ
၇ ညရောက်သည့်မခါ အားရကျေနပ်စွာ သောက်သုံးခဲ့ရာ အားလုံးမှုးပြီးသောအခါ ပအိုဝ်းလူကြီး
(၃၀၀) ကျော်ကို သုတ်သင်လိုက်သည်။ နောက်ရက်ရောက်သောအခါ ကပြားမင်းသားက သူ့၏ပအိုဝ်းလူကြီး
မတွေ့သောကြောင့် မေးသောအခါ သုခေါ(ထိုင်း)၏ မှူးမတ်များက သုခေါ(ထိုင်း) နိုင်ငံနှင့်
တွူးဖောင်နိုင်ငံနှစ်ခုလုံးကို မင်းသားအားအပ်နှံရန် တိုင်ပင်ညှိနှိုင်းရာတွင် ပအိုဝ်းလူကြီးများက
သဘောမတူသည်သာမက မင်းသားကိုလုပ်ကြံရန် ဆောင်ရွက်နေခြင်းကို မိမိတို့ကာကွယ်ရာမှ အားလုံးကိုသုတ်သင်လိုက်သည်
ဟု လိမ်လည်ဖြေဆိုခဲ့သည်။ မင်းသားသည်လည်း ထိုမှူးမတ်များ၏ စကားများကိုယုံကြည်ကာ နန်တော်အပ်ပြီး
၎-၅ ရက်ကြာသောအခါ မှူးမတ်များက ထိုင်းလူကြီး ရာဂဏန်းဖြင့် တွူးဖောင်ကို အုပ်ချုပ်ရန်စေလွတ်ခဲ့သည်။
တွူးဖောင်ရှိ ပအိုဝ်းပြည်သူများကလည်း ထိုင်းလူကြီးများရောက်လာသောအခါ မိမိတို့နိုင်ငံသည်
ထိုင်းလူမျိုးသိမ်းပိုက်လိုက်ပြီ ဖြစ်ကြောင့် သဘောပေါက်ခဲ့ကြသည်။
0 comments:
Post a Comment
Thanks for your comment.