Read more: http://bbloggertutorials.blogspot.com/2013/07/how-to-add-smileysemoticons-in-blogger.html#ixzz4Rej9wkIZ

Recent

Pa O nationality history part (9)

****** ပအိုဝ်းလူမျိုး သမိုင်း အပိုင်း(၉) Pa O nationality history (Part-9)**
တောင်သားလူမျိုးအကြောင်းကိုလေ့လာရာတွင် တောင်သားလူမျိုးများ သည်လည်း ပအိုဝ်းလူမျိုးများဖြစ်ကြသည်။ တောင်သားလူမျိုးအဖြစ် ဖြစ်လာရာတွင် အဖွဲ့ (၃)ဖွဲ့ဖြင့် ဖြစ်ပေါ်လာသည်။ ၎င်း(၃) ဖွဲ့မှာ
၁. ငမ်းသွီးရော်စွို့ (သွေးနှောမှာ ကြောက်သည့်အဖွဲ့)
၂. မောင်စိန်တို့အဖွဲ့
၃. မော်ထောဖါ (မော်ထော၏ အဖေ) တို့အဖွဲ့ စသည်တို့ဖြစ်သည်။

၁. ငမ်းသွီးရော်စွို့ (သွေးနှောမှာ ကြောက်သည့်အဖွဲ့)သည် အေဒီ ၅ ရာစုတွင် ပအိုဝ်းမင်း ဓမ္မမာလာ က မိဖုရားကို မွန်အမျိုးသမီးအားတင်မြောက်သောအခါ ပအိုဝ်းလူမျိုးတစ်ချို့က သွေးနှောမည်ကို စိုးရိမ်သောကြောင့် မကျေနပ်သည့်အတွက် ဆန္ဒပြခဲ့သည်အနေဖြင့် သထုံမှ ပြောင်းရွှေ့သွားပြီး တောင်သာမြို့ သို့ရောက် ရှိခဲ့ကြသည်။ တောင်သာမြို့သို့ရောက်သောအခါ ဗမာလူမျိုးများ နှင့် အတူတူနေထိုင်ရာ သူတို့၏သား၊ သမီးများကို ဗမာလူမျိုးများက လက်ထပ်ယူရန်ကြိုးစားလာသဖြင့် သွေးနှောမည့် အန္တာရယ်ကို စိုးရိမ်ပြန်ကာ အနောက် ဘက်ဧရာဝတီမြစ်ကိုကျော်ပြီး ပခုက္ကူဘက်သို့ ပြောင်းရွှေ့ နေထိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် သမိုင်းရေးမှတ်သောအခါ တောင်သာမှ ပြောင်းရွှေ့လာသဖြင့် တောင်သား လူမျိုးအဖြစ် အမည်တွင်ခဲ့သည်။
၂. မောင်စိန်တို့အဖွဲ့သည် ပထမကိုတည်ထောင်ခဲ့သော သမုဒ္ဒရာဇ်မင်းလက်ထက်တွင် မောင်စိန်သည် ပုပ္ပါးတွင်နေထိုင်ပြီး ပန်းပဲဆရာတစ်ဦးဖြစ်ပါသည်။ သူ့ညီမ၏ အမည်သည်နန်းစန္ဒာဖြစ်သည်။ သူ့ညီမသည် ရုပ်ရည်ချောမောပြီး ယဉ်ကျေးသောကြောင့် သမုဒ္ဒရာဇ်မင်းက မိဖုရားတင်မြောက်လိုက်သည်။ တစ်နေ့တွင် သုမုဒ္ဒရာဇ်မင်းက မောင်စိန်အား ဓါးတစ်လက်ကို ထုခိုင်းရာ မောင်စိန်က ၀မ်းမြောက်စွာဖြင့် ဓါးတစ်လက်ကိုထုပြီး သွားရောက်ဆက်သခဲ့သည်။ သမုဒ္ဒရာဇ်မင်က တူထုရာတစ်နေရာတွေ့ပြီး မနှစ်သက်သဖြင့် မောင်စိန်အားပြန်လည်ပေးအပ်ခဲ့သည်။ သမုဒ္ဒရာဇ်မင်းကပြန်လည်ပေးသောအခါ မောင်စိန်က မကျေနပ်ခဲ့ပေ။ မောင်စိန်က လက်ခမရသည့်အပြင် မိမိကိုယ်တိုင် ထုထားသောဓါးကို မယူသောကြောင့် စိတ်ဆိုးစွာဖြင့် နန်းတော်မှဆင်းလာခဲ့ရာ မုဒ်ဦးတိုင်ကို ခုတ်လိုက်ပြီး ဓါးကို ဧရာဝတီမြစ်ထဲသို့လွှင့်ပစ်လိုက်သည်။ နေ၀င်သည့်အချိန်တွင် တံခါးစောင့်အမတ်က သူ၏သားနှင့်အတူ တံခါးများကိုလိုက်ပိတ်သည့်အခါ မုဒ်ဦးတံခါးအနားရောက်သော် မုဒ်ဉ်းတံခါးပိတ်ရန် မုဒ်ဦးတိုင်ကိုထိလိုက်သည့်နှင့် တိုင်က သူ့၏သားအပေါ်လှဲကျကာ တံခါးစောင့်၏သား သေဆုံးသွားခဲ့သည်ကို တံခါးစောင့်အမတ်က မောင်စိန်အားမကျေနပ်ခဲ့ပေ။ ထိုအချိန်မှ သမုဒ္ဒရာဇ်မင်းက မောင်စိန်ဆက်သခဲ့သည့် ဓါးကထိုကဲ့သို ထက်သည့်အကြောင့်ကို သိရှိပြီး ၎င်းဓါးကိုပြန်လည် လိုက်ရှာကြရာမတွေ့တောပေ။ မောင်စိန်အား ဓါးနောက်ထပ်တစ်လက် ထုလုပ်ပေးရန်ခိုင်းစေခဲ့သည်။ မောင်စိန်လည်း စိတ်သဒ္ဒါကြည်ဖြူစွာဖြင့် ထုပေးနေခဲ့သည်။ ဓါးကိုထုချိန်တွင် တူထုလိုက်သည့်အသံသည် လွန်စွာပင်ကျယ်လောင်သဖြင့် နန်းတွင်း အထိ ပင်ကြားရသောကြောင့် သမုဒ္ဒရာဇ်မင်းကြီးက အဘယ်ကြောင်းကြောင့် ထို့ကဲ့သို့ ကျယ်လောင်သောအသံကို မည်သူကပြုနေသနည်းဟုမေးသော်အခါ မောင်စိန်ကို မကျေနပ်သော တံခါးစောင့် အမတ်က ဦးစွာပင်ဖြေခဲ့သည် မောင်စိန်သည် မင်းကြီးကိုပုန်ကန်ရန် လက်နက်များကိုစုဆောင်းနေပါသည်ဟု လျှောက်တင်သောအခါ တစ်ခြားအမတ်များကလည်း လိုက်ထောက်ခံကြသည်။ ထိုကြောင့် သမုဒ္ဒရာဇ်မင်းက မောင်စိန်ကို ၇ ရက်အတွင်း တွေ့အောင်ရှာပြီး သုတ်သင်ရန်အမိန့်ပေးလိုက်သည်။ ၎င်းကဲ့သို့ အမိန့်ချလိုက်သည့်အခါ မောင်စိန်၏ညီမ မိဖုရားနန်စန္ဒာက ကြားသိသောကြောင့် မောင်စိန်အား သွားရောင်ပြောပြကာ နှစ်ဦးစလုံး အနောက်တောင်ကုန်းကို ကျော်ပြီး ထွက်ပြေးသွားသော်လည်း ရဲမက်များက လိုက်လံရှာဖွေခဲ့ကြသည်။ ရဲမက်များက လိုက်လံရှာဖွေရာတွင် မောင်စိန်တို့က ရုပ်ဖျတ်ထားကြသဖြင့် မမှတ်မိသောကြောင့် အသံများကို နားထောင်ကာ ပုဂံတွင်နေထိုင်သည့် တူညီမှုရှိမရှိ လိုက်လံရှာဖွေခဲ့သည်။ ထိုကဲ့သို့လိုက်ရှာနေသောကြောင့် မောင်စိန်တို့သည်လည်း မိမိတို့၏ မှုရင်းပအိုဝ်းစကားကိုမပြောဘဲ အခြားလေသံဖြင့် ပြောင်းပြောကာနေထိုင်ခဲ့ကြရသည်။ သမိုင်းရေးမှတ်သောအခါ တောင်ကုန်းမှပြောင်းရွှေ့လာသော လူမျိုးဖြစ်သောကြောင့် တောင်သား လူမျိုးဟုရေးမှတ်ခဲ့ကြသည်။

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment

Thanks for your comment.