Read more: http://bbloggertutorials.blogspot.com/2013/07/how-to-add-smileysemoticons-in-blogger.html#ixzz4Rej9wkIZ

Recent

Pa O nartionality history (Part-5)


ပအိုဝ်းသမိုင်း အပိုင်း (၅) Pa O nationality History (Part -5)
မဟာသက္ကရာဇ် ၁၁၁- ခုနှစ် ဘီစီ-၅၈၁ တွင် ဗုဒ္ဓမြတ်စွာဘုရား ၀ါတော် (၈)၀ါ ရချိန်တွင် သုဝဏ္ဏဘူမိ သထုံပြည်သို့ ကြွရောကတော်မှုခဲ့သည်။ သုဝဏ္ဏဘူမိ သထုံပြည့်ရှင် ပအိုဝ်းမင်းဖြစ်သော သူရိယစန္ဒာမင်းသည် ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မှုခဲ့သော တရားတော်ကို နာကြားရသဖြင့် မင်းနှင့်တကွပြည်သူ အားလုံးသည် ဗုဒ္ဓဘာသာဝင် စတင်ဖြစ်လာခဲ့ကြသည်။ သူရိယစန္ဒာမင်းသည် ရွှေစာရံစေတီကို အုတ်မြစ်ချ တည်ထားကိုးကွယ်ပြီး ဗုဒ္ဓမြတ်စွာဘုရားနှင့် ရဟန်းသံဃာ တို့အားကျောင်းဆောင်လှူဒါန်းပြီး ၎င်းအရပ်တွင် အမြဲသီတင်းသုံးနေထိုင်ရန် လျှောက်ထားခဲ့သည်။ ထို့ကြောင့် ပအိုဝ်းတိုင်းရင်းသားတို့သည် မိမိတို့ အမျိုးဂုဏ်သိက္ခာကို ထွန်းလင်းစေပေးသည့် သူရိယစန္ဒာမင်း၏ မွေးနေ့ဖြစ်သော တပေါင်းလပြည့်နေ့ကို အစဉ်အလာရိုးရာဓလေ့မပျက်ဘဲ ပအိုဝ်းအမျိုးသားနေ့ အဖြစ် ကျင်းပလာခဲ့သည်မှာ ယနေ့တိုင်ဖြစ်သည်။ ထို့နောက် ဗုဒ္ဓမြတ်စွာဘုရားသည် မဟာသက္ကရာဇ် ၁၂၈ - ခုနှစ် (ဘီစီ-၅၆၄) တွင် တတိယအကြိမ်အဖြစ် လည်းကောင်း သုဝဏ္ဏဘူဝမိ သထုံပြည်သို့ ကြွရောက်လာတော်မှုခဲ့သည်။
မင်းကြီးဏမ္မဓဇ၏ သားကြီး အင်္ဂုရမင်းသားက မင်းကျင့်တရား(၁၀)ပါးကို မစောင့်ထိန်းနိုင်သည် သာမက အဖေကို ကြံစည်သောကြောင့် သာသနာတော်နှစ် ၁၃၇ - ခုနှစ် တွင် သတုံနေပြည်တော် ရေလွှမ်းမိုးပြီး ပျက်စီးသွားခဲ့သည်။ ဗုဒ္ဓသာသနာတော်လည်း မှေးမှိန်သွားခဲ့သည်။
သာသနာတော်နှစ် ၁၄၄ တွင် မင်းကြီး ဓမ္မဓဇ၏ သားငယ် ဥပဒေ၀ မင်းသားသည် ပအိုဝ်းလူမျိုးများကို ပြန်လည် စုစည်းပြီး သထုံမြို့သစ်ကို သထုံမြို့ဟောင်းကိုတောင် ဘက်တွင် ပြန်လည်တည်ထောင်ခဲ့ပြီး မင်းဆက် (၁၀) ဆက်ခံပြီးမှ မြို့ဟောင်းဘက်သို့ ပြန်လည်ရွှေ့ပြောင်းခဲ့သည်။
နှစ်၁၀၀ ကျော် ဗုဒ္ဓသာသနာတော်မှေးမိန်ခဲ့ပြီး သာသနာတော်နှစ် ၂၃၆ - ခုနှစ်တွင် ရှင်သောက၊ ရှင်ဥတ္တရ၊ ရှင်အနုရုဒ္ဓါ၊ ရှင်တိဿဂုတ္တ နှင့် ရှင်သောဏေယျ တို့ (၅) ပါးသည် သထုံပြည်တွင် သာသနာပြုရန် ကြွရောက်လာခဲ့သည်။ ၎င်းအချိန်သည် သုဝဏ္ဏဘူမိ သထုံတွင် သီရိမာသောကမင်း အုပ်ချုသည့် အချိန်ဖြစ်ပြီး မိဖုရားသားတော်ဖွာမြင်ချိန်လည်းဖြစ်သည်။ မိဖုရား၏သား / သမီးများဖွားမြင်တိုင်း သမုဒ္ဒရာမှ ဘီဘူးမမျာက ဖိဖုရား၏သား/ သမီးများကို လာရောက်စားသုံးခဲ့သည်။ သုဝဏ္ဏဘူမိသထုံတွင်လည်း ဗုဒ္ဓသာသနာတော် မှေးမှိန်နေချိန်လည်းဖြစ်သောကြောင့် ဒေသခံပအိုဝ်းပြည်သူများက ရဟန်းတော်မျာကို မြင်သောအခါ ရဟန်းတော်မှန်းသိခဲ့ပေ။ ရဟန်းတော်များကို သမုဒ္ဒရာမှလာသော ဘီလူးမများ၏ တပည့်များဟုသာ ထင်မှတ်ခဲ့ကြပြီး လေးမြှားဖြင့် ပစ်ခတ်ရန်ကြံစည်ခဲ့ကြသည်။
7/30/2016 8:33Am
Khun black (Hopoge)

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment

Thanks for your comment.