* ပအိုဝ်းလူမျိုးသမိုင်း*
လူဖြစ်ခြင်းအစသည်
လူများ၏ယုံည်ြချက်များအပေါ်မှုတည်ပြီး အမျိုးမျိုးရှိကြသည်. ၎င်းတို့မှာ
ဗုဒ္ဓဘာသာ ယူဆချက်အရ ဗြဟ္မာမှတစ်ဆင့် ဆင်းသက်ဖြစ်ပေါ်လာခြင်း၊ သိပ္ပံပညာရှင်၏
Evolution Theory အရ ပြောင်းလဲဖြစ်ပေါ်လာခြင်း၊ ခရစ်ယာန် အယူအဆအရ လူသားသည်
ခရစ်တော်ဘုရားသခင်ဖန်ဆင်းပေးခြင်းမှ စတင်ခဲ့သည်ဟု အမျိုးမျိုးယုံကြည်ကြသည်။
ဗုဒ္ဓဘာသာ ယူဆချက်အရ ဗြဟ္မာ(၉)ပါးတို့သည် သက်တမ်းကုန်ဆုံးကာ
ကမ္ဘာမြေကြီးပေါ်သို့ ရောက်ရှိလာကြကာ ထိုအချိန်တွေ ကမ္ဘာကြီးမီးလောင်ပြီး
ငြိမ်းကာစ မိုးရွာထားလို မြေကြီး အနှံငွေ့ မွေးသည်ဖြစ်ကာ စာကြည့်ကြရာ
တစ်ချို့သည် ယောင်္ကျားများဖြစ်လာပြီး တစ်ချို့ကာ မိန်းမ များဖြစ်လာကာ
အချင်းချင်း ချစ်ကြိုက်ရာမှ လူသားများဖြစ်လာသည်ဟုဆိုထားသည်။ သိပ္ပံပညာရှင်၏
Evolution Theory ယူဆချက်အရ လူသားတို့သည် မျောက်ကနေတစ်ဆင့် ဆင့်ကဲဆင့်ကဲ
ပြောင်းလဲဖြစ်ပေါ်လာသည်ဟုယူဆကြသည်။ ခရစ်ယာန်ဘာသာဝင်သည်လည်း
ခရစ်တော်ဘုရားသခင် (ဖန်ဆင်းရှင်)က အရင်ဦးဆုံး အာဒံနှင့် ဧ၀ တို့ကို
ဖန်ဆင်းပေးထားသည်ဟု ယုံကြည့်ထားကြသည်။
0 comments:
Post a Comment
Thanks for your comment.