Read more: http://bbloggertutorials.blogspot.com/2013/07/how-to-add-smileysemoticons-in-blogger.html#ixzz4Rej9wkIZ

Recent

Pa O nationality history (part-3)

ပအိုဝ်း လူမျိုးသမိုင်း အပိုင်း(၃)  
  ဘီစီ ၆၀၀ တွင် ဓဇရစာဇာမင်း နှင့် အဖွဲ့သည် မြောက်ပိုင်း ပျူ၏  အကူအညီဖြင့် ဒုတိယတကောင်းကို ပြန်လည်တည်ထောင်ခဲ့သည်။ ဘီစီ ၄၃၃ တွင် ပျူပအိုဝ်း (သထုံ) မျာက သရေခေတ္တရာမြို့ ပြကို တည်ထောင်ခဲ့သည်။ (ယခု ပြည်မြို့အနီး၊ ပဲခူးတိုင်း) သရေခေတ္တတရာမင်း သည် ဒွတ္တပေါင်းမင်း ဖြစ်သည်။ 
  စူဠသမ္ဘမင်းသား နျင့် ဒန္ဒမုခီဘီလူးမတို့ ဖူးစာဆုံကြပြီး ဖွားမြင်လာသည့် သမီးလေးတစ်ဦးကို ရသေ့ တစ်ပါးထံအပ်နှံကာ ရသေ့ကမွေးစားခဲ့သည်။ အရွယ်ရောက်သည့်အခါ ပျူလူမျိုးတို့က ဗိဿနိုး ဆိုသည့်နိုင်ငံကို တစ်ခုကို ဘီစီ ၄၄၀ တွင် တည်ထောင်ပေးခဲ့သည်။ (ယခု တောင်တွင်းကြီးမြို့၊ မကွေးတိုင်း) ရသေ့မွေးစားခဲ့သော ဘီလူးမ၏သမီးသည် ရုပ်ရည်ချောမောပြီး ဘုန်းကံကြီးသောကြောင့် နန်းဗန်ထွာ ဟုအမည်ပေးခဲ့သည် ဒွတ္တပေါင်မင်း က နန်းဗန်ထွာ အား စိတ်ဝင်စားပြီး သွားရောက်တင်တောင်းခဲ့သော်လည်း လက်မခံသောကြောင့် အကြိမ်ကြိမ်း အခါအခါ တိုက်ခိုက်ပြီး နန်းဗန်ထွာ ကို သိမ်းပိုက်ကာ ဗိဿနိုး လည်းပျက်စီးသွားခဲ့သည်။ 
 ဘီစီ ၇၀၀ နှင့် ၈၀၀ တွင် သုဝဏ္ဏဘူမိ သထုံနေပြည်တော်ကို ပျူတို့၏ တိုင်းပြည်ဟု ခေါ်ခဲ့ကြသည်။ ရေကြည်ရာ မြက်နုရာ ဆိုသကဲသို့ ပအိုဝ်းလူမျိုးသည် ဘီစီ ၁၂၀၀ တွင် မွန်ဂိုလီးယားမှ ရှမ်း၊ ကရင် တို့နည်းတူ အုပ်စု (၃)စု ခွဲပြီး ဆင်းလာကာ (ဧရာဝတီ၊ သံလွင်၊ မဲခေါင် မြစ်တစ်ကြောင်းအတိုင်း) ဆင်းခဲ့ကြသည်။
  ပထမအုပ်စုသည် မဲခေါင် မြစ်တောင်ကြားမှတစ်ဆင့် မဲခေါင်မြစ် ၀ကျွန်းပေါ်ဒေသသို့ သွားရောက် အခြေချနေထိုင်ခဲ့ကြသည်။ နှစ်အတန်ကြာသောအခါ ထပ်မံဝင်ရောက်လာသော ထိုင်း လူမျိုးများကြောင့် ပအိုဝ်းတိုင်းရင်းသားများ တောင်ဘက်သို့ တစ်ဖန် ပြောင်းရွှေ့  ခဲ့ရပြန်သည်။ ပင်လယ်ဘက်သို့ ရောက်ရှိသွားခဲ့ပြန်သည်။ နမ်းပိုင်မြစ် အထက်ပိုင်းဒေသ များတွင် နှစ်ပေါင်းတစ်ရာကျော်ေ နထိုင်ကြပြီး  မြို့နိုင်ငံများဖြင့် အတည်တကျနေထိုငခဲ့ကြသော ပအိုဝ်းလူမျိုးများကို ထိုင်းလူမျိုးများက ပအိုဝ်းလူမျိုးများအား ဇင်းမယ်၏ ပြင်ပ ဒေသများသို့ မောင်းထုတ်ခဲ့ကြပြန်သည်။ ထိုအခါ ၎င်းပအိုဝ်း ပထမအုပ်စုမှ တချို့ ပအိုဝ်းများသည် ထိုင်းနိုင်ငံမှတစ်ဆင့် ကမ္ဘောဒီယား၊ ဖိလစ်ပိုင်နိုင်ငံများသို့ ရောက်ရှိသွားကြသည် ဟုဆိုကြသည်။ အချို့ ပအိုဝ်းများက ထိုင်းနိုင်ငံမှ တစ်ဆင့် မြန်မာနိုင်ငံ ကရင်ပြည်နယ်၊ ကော့ဂရိတ်၊ ဘားအံ၊ သထုံသို့ ရောက်ရှိလာခဲ့ကြသည်။ ထိုနောက် သုဝဏ္ဏဘူမိ သထုံနေပြည်တော်ကို တည်ထောင်ကြသည်။
  ဒုတိယ အုပ်စု ပအိုဝ်းလူမျိုးများသည် ရွှေလီမြစ် အတိုင်း နေရင်းဒေသမှ အနောက် တောင်ဘက် ကျကျသို့ ဦးတည်ကာ မြန်မာနိုင်ငံ အတွင်းသို့ ၀င်ရောက်လာခဲ့ကြသည်။ စေ၀မြစ်ခေါ် ဧရာဝတီမြစ်သို့ ရောက်ရှိလာပြီး တကောင်းတွင် အခြေချနေထိုင်ကြသည်။ နောက်ထပ်ဝင်ရောက်လာသော လူမျိုးများကြောင့် တောင်ဖက်သို့ရွှေ့  ပြောင်းပြီး ဟန်လင်း၊ ဗိဿနိုး  သရေခေတ္တရာ တို့တွင် အဆင့်ဆင့် အခြေချနေထုင်ခဲ့ကြပြန်သည်။ သရေခေတ္တရာ ခေတ်ပျက်သောအခါ ၎င်းပအိုဝ်း အုပ်စုတွင် တချို့သော ပအိုဝ်းလူမျိုးများသည် ပဲခူးရိုးမ တောင်တန်းကိုဖြတ်ပြီး သံလွင်မြတ်ဝှမ်း၊ စစ်တောင်းမြတ်ဝှမ်းများကို ဦးတည်သွားရောက်ခဲ့ကြသည်။ တချို့ ပအိုဝ်းလူမျိုးများသည်ကာ သုဝဏ္ဏဘူမိ (သထုံ) တွင် မြို့  ပြနိုင်ငံတည်နှင့် ပြီးေးသာ ပထမအုပ်စုပအိုဝ်းလူမျိုးများနျှင့် ပူးပေါင်းမိကြသည်ဟု ဆိုသည်။

7/29/2016            4း45 PM
Khun Black (Hopoge)

Share on Google Plus

About Unknown

This is a short description in the author block about the author. You edit it by entering text in the "Biographical Info" field in the user admin panel.

0 comments:

Post a Comment

Thanks for your comment.